၂၀၂၀ နဲ့ ၂၀၂၀ အလွန်

ဟုတ် ကျွန်တော်ပြောမှာ နိုင်ငံရေးအကြောင်းပါ

Myat Min Soe
1 min readJun 18, 2020

Edit: ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မအလတွေအာဏာသိမ်းသွားတဲ့အတွက် အော်ကကစာအရှည်ကြီးက အသုံးမဝင်တော့ပါ >.<

ထူးထူးဆန်းဆန်း နိုင်ငံရေးအကြောင်းရေးတယ်မထင်ပါနဲ့ နိုင်ငံရေးကိုစိတ်ဝင်စားက ငယ်ငယ်ထဲကပါ။ နိုင်ငံရေးနဲ့ဆိုင်တာလဲသိပ်မရေးဘူးပါဘူး။ လုံးဝမရေးဘူးဘူးဆိုရင် ပိုပြီးမှန်လိမ့်မယ်။ အခု ၂၀၂၀ လဲ နီးလာပြီဆိုတော့ တွေးမိတာတွေလေးရေးကြည့်ချင်လို့ပါ။

ဒီမိုကရေစီနိုင်ငံအများစုမှာတွေ့ရကတော့ အခြေခံဥပဒေ ဘယ်လိုကွာကွာ လွှတ်တော်ထဲမှာ ၂ ပါတီပဲ ပြိုင်ကြတာပေါ့။ အကြမ်းဖျဉ်းခွဲမယ်ဆိုရင် လွတ်လပ်ခွင့်၊ လူအခွင့်အရေးအစရှိတာတွေကို အလေးပေးတဲ့ လက်ဝဲ နဲ့ အမျိုးသားရေး၊ ဓလေ့ထုံးတမ်းတွေကို ဦးစားပေးတဲ့ လက်ယာ ဆိုပြီးနှစ်မျိုးခွဲလို့ရတယ်။ အမေရိကန်နိုင်ငံမှာဆို ဒီမိုကရက်တစ်ပါတီနဲ့ ရီပါဗလစ်ကန်ပါတီ နှစ်ခုပေါ့။ ဗြိတိန်မှာဆို လေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါရီပေါ့။ လက်ဝဲ လက်ယာဆိုပေမဲ့ တစ်ချိန်လုံး လူအခွင့်အရေး၊ အမျိုးသားရေးနဲ့ ဆုံးဖြတ်နေတာမဟုတ်ပဲ အကြောင်းအရာပေါ်မူတည်ပြီး လက်ဝဲယိမ်းလိုက် လက်ယာယိမ်းလိုက် လုပ်ကြတာပါပဲ။

မြန်မာနိုင်ငံမှာလဲ ၂၀၀၈ အခြေခံဥပဒေအရ ပါတီစုံရွေးကောက်ပွဲဖြစ်ပေမဲ့ လွှတ်တော်ထဲမှာ အဓိက ပြိုင်ကြတာကတော့ NLD နဲ့ USDP ပါပဲ။ ပြောရရင် လက်ဝဲက NLD ဖြစ်ပြီး လက်ယာက USDP ပေါ့။ ၂၀၂၀ မှာစိတ်ဝင်စားဖို့ကောင်းတာက လက်ဝဲဖက်မှာဆို NLD နောက် ဦးကိုကိုကြီးရဲ့ People’s Party ပေါ့။ လက်ယာဖက်မှာဆို USDP အပြင် ဦးရွှေမှန်းရင် UBP ဆိုပြီး နှစ်မျိုးဆီလောက်ရှိနေတယ်။ NLD နဲ့ People’s Party ဆိုရင်တော့ NLD က လူသိပိုများပြီးတယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်နေတာဆိုတော့ NLD ကလောလောဆယ် ပိုပေါပြူလာဖြစ်တာ အသေအခြာပဲ။ USDP နဲ့ UBP ဆိုရင်တော့ သိသိသာသာ နှစ်ခြမ်းကွဲသွားတယ်လို့မြင်တယ်။ အရင် USDP ပါတီဝင်တွေ ထောက်ခံတဲ့လူတွေ UBP ကိုပြောင်းသွားကြတာတွေမြင်နေရတယ်။ ဒါပေမဲ့ လွှတ်တော်ထဲက ၂၅% ကိုလဲ မေ့ထားလို့မရပြန်ဘူး။ သူတို့ကတော့ USDP ဖက်မှာပဲရှိမယ် ထင်တယ်။ NLD ကလဲ ၂၀၂၀မှာ ညွှန့်ပေါင်းမလုပ်ချင်ဘူး အပြတ်အသတ်ပဲနိုင်ခြင်တယ်လို့ ပြောထားတာရှိတယ်။ ၂၀၂၀ မှာပြောရရင် အဓိကကတော့ NLD နဲ့ USDP ပဲပြိုင်ဦးမှာပဲ။ ၂၀၁၅ တုန်းကလောက်ကလောက်တော့ မဲရခြင်မှရလိမ့်မယ်။ ဒါပေမဲ့ အဲ့မဲတွေက တစ်ခြားပါတီတစ်ခုခုကိုရောက်သွားတာ ဒါမှမဟုတ် သွားမတော့တာများလိမ့်မယ် USDP ကိုသွားထည့်တာတော့ နည်းမယ်ထင်တယ်။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလမှာ အရေးကြီးတာက တစ်ခြာပါတီတွေရဲ့ PR တွေဘယ်လိုရှိတယ်။ ပါတီတွေနောက်ခံ ပါတီဝင်တွေ ဘယ်လိုလုပ်ထားတယ်ဆိုတာကြည့်ပြီး ၂၀၂၅ အတွက်ပဲသေခြာပြင်ဆင်သင့်တယ်။ ၂၀၁၅ တုန်းကတော့ ဦးနေဇင်လတ်ရဲ့ NDP ကအဲ့လိုကြံပေမဲ့ အခုတော့ ဘာမှဆက်မဖြစ်တော့ဘူးထင်တယ်။

၂၀၂၀ အလွန်ကြရင်တော့ NLD နဲ့ USDP ပြိုင်တာနည်းသွားပြီး NLD နဲ့တစ်ခြား လက်ဝဲယိမ်းပါတီတွေ USDP နဲ့တစ်ခြားလက်ယာယိမ်းပါတီတွေ အပြိုင်အဆိုင်များလာမယ်ထင်တယ်။ လွှတ်တော်ထဲမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေပဲထားတော့မယ်ဆိုရင် အပြိုင်အဆိုင်ပိုပြင်းထန်လာဖို့ရှိတယ်။ အခုထဲက သေသေချာချာ အခြေခံကောင်းကောင်းနဲ့ ပါတီတည်ထောင်ထားတဲ့ ပါတီတွေပဲ ၂၀၂၀ အလွန်မှာ ရှင်သန်နိုင်လိမ့်မယ်။ ပါတီဝင်တွေ ဘယ်လိုစုမလဲ။ ပါတီက ဘာ activity တွေလုပ်မလဲ။ ပါတီမှာ ဘယ်သူတွေဦးဆောင်မလဲ။ ပါတီက နိုင်ငံကို အုပ်ချုပ်နိုင်ကြောင်း ဘယ်လို သက်သေတွေပြမလဲ။ အဲ့ဒါတွေကို PR ကောင်းကောင်းပြနိုင်မှ ပြည်သူတွေယုံကြည်မှုရမယ်။

--

--