Cashless (Less cash) ပြည်တွင်းခရီးသွားချင်း

သေချာတာတော့ ပြည်တွင်းခရီးမှာ Cashless သွားလို့မရပါဘူး။ Less cash ခရီးသွားလို့ပဲရပါလိမ့်မယ်…

Myat Min Soe
1 min readFeb 10, 2020
4 years ago I don’t even have a bank account. But now…

ဟိုးအရင်တုန်းက မိသားစုလိုက်ခရီးထွက်ရင် ပိုက်ဆံဆို အထပ်လိုက်ထည့်ပြီးသွားရပါတယ်။ ခရီးသွားရင်း အရေးပေါ်ပိုက်ဆံရင်တောင် ဘဏ်ရှိတဲ့မြို့သွား အသိတစ်ယောက်ကိုဖုန်းဆက် ပိုက်ဆံလွှဲခိုင်းပြီး စောင့်ယူရပါတယ်။ အခုခေတ်မှာတော့ ဒါမျိုးတွေမရှိပဲ mobile banking တွေ mobile payment တွေ card တွေပေါင်းစုံနဲ့ အရင်တုန်းကလောက် မခက်ခဲတော့တာအမှန်ပါပဲ။ ဒါပေမဲ့ လုံးဝပိုက်ဆံမကိုင်လို့ရလားဆိုတော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့်ဖြစ်နိုင်သမျှ cashless လုပ်ပြီး ငပလီကို ၂ ညအိပ် ၃ ရက်ခရီးသွားကြည့်ခဲ့ပါတယ်။

ပထမဆုံး လေယာဉ်လက်မှတ်ကို flymya ကနေဝယ်ပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတွေက ထုံးစံအတိုင်း cancel ဖြစ်တာတွေများလို့ တစ်ခါတည်း checkout မလုပ်ပဲ confirm ဖြစ်မှ ပေးတာပိုအဆင်ပြေတယ်။ confirm ဖြစ်တာနဲ့ ဖုန်းဝင်လာပြီး ပိုက်ဆံကို ဘယ်ကပေးမလဲမေးပါတယ်။ KBZ ကနေလွှဲလိုက်မယ်ဆိုတော့ ငွေမလွှဲခိုင်းပဲ QuickPay ဆိုတာကနေ reference id ရိုက်ထည့်ပြီး flymya ကိုတစ်ခါတည်းပေးလို့ရတယ်။ လက်မှတ်ကို email ပြန်ပို့တာ နည်းနည်းကြာတာကလွဲရင် အကုန်အဆင်ပြေတယ်။ cashless တင်မက paperless ပါဖြစ်သွားတာကို တော်တော်လေးသဘောကြတယ်။

နောက် hotel booking လုပ်တော့ booking.com ကနေလုပ်ဖြစ်တယ်။ အပြင်ကထက်တောင်စျေးသက်သာတယ်။ တစ်ခါတည်း ပိုက်ဆံချေစရာမလိုပေမဲ့ fraud booking မဖြစ်အောင် card တောင်းပါတယ်။ VISA card သုံးပြီး ထည့်ထားလိုက်ပါတယ်။ ပိုက်ဆံမဖြတ်ပါဘူး။ အကယ်၍ booking cancel လုပ်မယ်ဆိုဖြတ်မယ်ထင်ပါတယ်။

အဲ့ဒါနဲ့အိမ်ကထွက်ပါတော့တယ်။ လိုတာသုံးလို့ရအောင် ပိုက်ဆံနည်းနည်းပဲယူလာတယ်။ လေဆိပ်ကို GRAB ကနေငှားပါတယ်။ GRAB မှာအရင်က VISA Card ထည့်ထားဘူးတယ်။ ဒါပေမဲ့ exchange rate နဲ့ဆိုတော့ ဖြတ်ချင်သလိုဖြတ်လို့ နောက်ပိုင်း JCB ကဒ်ပြောင်းထည့်ထားပါတယ်။ တစ်ခါတည်း ငှားရောက်တာနဲ့အထုတ်တွေသယ်ပြီး တန်းဆင်းယုံပဲ ပိုက်ဆံအိတ်ထုတ်ရတာ ပြန်အမ်းတာစောင့်ရတာ ဘာညာမရှိတော့ဘူး။

သံတွဲလေဆိပ်ရောက်တော့လဲ ဟိုတယ်ကို flight number နဲ့အချိန်ပို့ထားလို့ လာကြိုတယ်။ card နဲ့ရှင်းလို့ရတယ်ဆိုလို့ တစ်ခါတည်းရှင်းမယ်လုပ်လိုက်တာ ရှင်းမရဖြစ်နေတယ်။ ဘယ်ဟုတ်မလဲ MPU မရဘူးတဲ့။ အဲ့ဒါနဲ့ VISA ထဲ ပိုက်ဆံဘယ်လောက်ကျန်မှန်းမသိတာနဲ့ Payoneer Mastercard နဲ့ ရှင်းလိုက်ရတယ်။ Payoneer က transaction ကို % နဲ့ယူတော့ online booking လုပ်တုန်းကသက်သာထားတာလေးပြန်ပေးလိုက်ရတယ်။

အဲ့ဒါနဲ့နေ့လည်စာစားမယ်ပေါ့ ကမ်းခြေက ဆိုင်သေးသေးလေးမှာစားတာ ထူးထူးဆန်းဆန်း VISA နဲ့ပေးလို့ရတယ်ဗျာ။ ထုံးစံအတိုင်း MPU ပဲမရတာ။ ဒါပေမဲ့ exchange rate ဘာညာနဲ့ နာမှာကြောက်လို့ ဒီမှာတော့ပိုက်ဆံပဲ သုံးလိုက်တယ်။

cash less ကနေ less cash တော့ဖြစ်လာပြီ။ ဘယ်တော့ card less ကို ရောက်မလဲမသိဘူး။ less card ဆိုပြီးဖြစ်လာဦးမလားတော့မပြောတတ်ဘူး။ အားမရတာကတော့ MPU ပဲ။ infra ကြီးရှိရက်နဲ့ အများကြီးလုပ်လို့ရရက်နဲ့ ဖြစ်မလာတာ နှမြှောဖို့ကောင်းတယ်။

--

--