Bitcoin ရဲ့ အမည်မဖော်ပုံ

Myat Min Soe
1 min readJul 2, 2021

Bitcoin ကို လူသိမခံပဲသုံးလို့ရ (anonymous) ဖြစ်တယ်လို့ဆိုကြပေမဲ့ ဒါဟာအပြည့်အဝမမှန်ပါဘူး။ အခုခေတ်မှာ semi-anonymous လို့ပဲသုံးကြပါတော့တယ်။ အတန်အသင့် အမည်မဖော်လို့ရတယ်ပေါ့။

လက်ရှိ ဘဏ်စနစ်နဲ့ ယှဉ်ကြည့်ရင် နည်းနည်းသဘောပေါက်သွားမယ်လို့ထင်ပါတယ်။ လက်ရှိဘဏ်စနစ်မှာ Acc No 12345 ကို လှူလို့ရပါတယ်ဆိုပြီး မောင်မောင်က အလှူခံတယ်ဆိုပါစို့။ ဒါဆိုရင် လူတွေသိမှာက မောင်မောင်ရဲ့ Acc က 12345 ပါဆိုပြီးသိသွားပါမယ်။ ဒါပေမဲ့ မောင်မောင့်မှာ စုစုပေါင်းပိုက်ဆံဘယ်လောက်ရှိတယ် ဘယ်သူတွေ(ဘယ်အကောင့်တွေ)ကလှူတယ်ဆိုတာရယ်(အဝင်) မောင်မောင်ဘယ်သူတွေကိုပိုက်ဆံလွှဲတာရယ်(အထွက်)ကို မောင်မောင်ရယ် ဘဏ်ရယ်ပဲသိပါမယ်။ ဒါပေမဲ့ ဘဏ်ကမောင်မောင့်အကောင့်ကိုပိတ်လိုက်တာမျိုး မောင်မောင့်ကိုလှူတဲ့အကောင့်စာရင်းကို သူများကိုပြတာမျိုးလုပ်လိုက်လို့ရပါတယ်။ ဘဏ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။

မောင်မောင်က bitcoin လိပ်စာ တစ်ခုဖြစ်တဲ့12345 ကို လှူလို့ရပါတယ်ဆိုပြီး အလှူခံတယ်ဆိုပါဆို့။ ဒါဆိုရင် လူတွေက12345 ထဲမှာ bitcoin ဘယ်လောက်ရှိတယ်ဆိုတာရော အပေါ်မှာပြောခဲ့တဲ့ ဘယ်အကောင့်ဆီက ဘယ်လောက်ရတယ်ဆိုတဲ့အဝင် ဘယ်အကောင့်ကို ဘယ်လောက်လွှဲတယ်ဆိုတဲ့အထွက် ဒါတွေအကုန်လုံးကို လူတိုင်းကမြင်ရမှာဖြစ်လို့ပါ။ ဘာလို့လဲဆိုတော့ decentralized ဖြစ်နေတဲ့ distributed ledger ဖြစ်နေလို့ပါပဲ။ အသေးစိတ်ကို Bitcoin ဘယ်လိုအလုပ်လုပ်သလဲ မှာဖတ်နိုင်ပါတယ်။ ဒါပေမဲ့ အကောင့်ကိုဘယ်သူကမှ လာပိတ်လို့မရပါဘူး။

ဒါကြောင့် Bitcoin လိပ်စာ နဲ့လူနဲ့တွဲသိသွားရင် ခြေရာခံလိုက်ဖို့လွယ်သွားပါတယ်။ ဒါဆိုဘယ်လိုလုပ်လို့ရလဲဆိုရင် Bitcoin လိပ်စာတွေအများကြီးဖွင့်သုံးပြီး ဟိုလွှဲ ဒီလွှဲနဲ့ ရှုပ်နေအောင်လုပ်လို့ရပါတယ်။ ဒါပေမဲ့ အများကြီးခွဲသုံးရင်တောင် အချိန်ပေး ပိုက်ဆံပေး လုပ်နိုင်တဲ့ FBI လိုအဖွဲ့အစည်းတွေက Transcation တွေကိုကြည့်ပြီး လိုက်နိုင်ပါတယ်။ ဒါပေမဲ့ အကောင့်တစ်ခုထဲသုံးရင် trace လိုက်ရလွယ်ပြီး အများကြီးခွဲသုံးမယ်ဆိုရင်တော့ ပိုလိုက်ရခက် ပိုရှာရခက်ဖြစ်ပြီး ငွေလွှဲထားတာက တစ်ခြားတစ်ယောက်ကိုလွှဲထားတာလား ကိုယ့်နောက်အကောင့်ကိုလွှဲထားတာလားဆိုတာ ခွဲခြားရခက်ခဲစေမှာပါ။

နောက်ထပ်တစ်ခုကတော့ IP Address ကနေ Bitcoin network ပေါ် access လုပ်တာကြည့်ပြီး ခြေရာခံတာပဲဖြစ်ပါတယ်။​ ဒီ IP က ဒီ Bitcoin လိပ်စာရဲ့ transcation တွေလုပ်နေတယ်ဆို IP နဲ့လူနဲ့တွဲသိတာနဲ့ anonymous မဖြစ်တော့ပါဘူး။ ဒါမျိုးအတွက် Tor network သုံးပြီးဖြေရှင်းတာမျိုးလုပ်ကြပါတယ်။

နောက်ဆုံးတစ်ချက်က Bitcoin ကို centralized exchange တွေဖြစ်တဲ့ coinbase တို့ binance တို့ကသုံးရင် သူတို့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့အတွက် သူတို့အကောင့်ပိတ်တာမျိုးလုပ်ရင် ဆုံးရှုံးမှာပါ။ ဒါကြောင့် wallet အစစ်မသုံးနိုင်ရင်တောင် trust wallet ဆိုတဲ့ app မှာ အကောင့်ဖွင့်ပြီး တစ်ရက်တစ်ခါ ရှိသမျှကို လွှဲထားသင့်ပါတယ်။​ ဒါပေမဲ့ private key (password) မေ့ရင်တော့ ဘယ်လိုမှ recover မရတဲ့အတွက် အကုန်ဆုံးပါလိမ့်မယ်။ ဒါကိုသတိထားဖို့လိုပါမယ်။

--

--