Bitcoin ကို လူသိမခံပဲသုံးလို့ရ (anonymous) ဖြစ်တယ်လို့ဆိုကြပေမဲ့ ဒါဟာအပြည့်အဝမမှန်ပါဘူး။ အခုခေတ်မှာ semi-anonymous လို့ပဲသုံးကြပါတော့တယ်။ အတန်အသင့် အမည်မဖော်လို့ရတယ်ပေါ့။ လက်ရှိ ဘဏ်စနစ်နဲ့ ယှဉ်ကြည့်ရင် နည်းနည်းသဘောပေါက်သွားမယ်လို့ထင်ပါတယ်။ လက်ရှိဘဏ်စနစ်မှာ Acc No 12345 ကို လှူလို့ရပါတယ်ဆိုပြီး မောင်မောင်က အလှူခံတယ်ဆိုပါစို့။ ဒါဆိုရင် လူတွေသိမှာက မောင်မောင်ရဲ့ Acc က 12345 ပါဆိုပြီးသိသွားပါမယ်။ ဒါပေမဲ့ မောင်မောင့်မှာ စုစုပေါင်းပိုက်ဆံဘယ်လောက်ရှိတယ် ဘယ်သူတွေ(ဘယ်အကောင့်တွေ)ကလှူတယ်ဆိုတာရယ်(အဝင်) မောင်မောင်ဘယ်သူတွေကိုပိုက်ဆံလွှဲတာရယ်(အထွက်)ကို မောင်မောင်ရယ် ဘဏ်ရယ်ပဲသိပါမယ်။ ဒါပေမဲ့ ဘဏ်ကမောင်မောင့်အကောင့်ကိုပိတ်လိုက်တာမျိုး မောင်မောင့်ကိုလှူတဲ့အကောင့်စာရင်းကို သူများကိုပြတာမျိုးလုပ်လိုက်လို့ရပါတယ်။ ဘဏ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။…

ဟုတ် ကျွန်တော်ပြောမှာ နိုင်ငံရေးအကြောင်းပါ — Edit: ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မအလတွေအာဏာသိမ်းသွားတဲ့အတွက် အော်ကကစာအရှည်ကြီးက အသုံးမဝင်တော့ပါ >.< ထူးထူးဆန်းဆန်း နိုင်ငံရေးအကြောင်းရေးတယ်မထင်ပါနဲ့ နိုင်ငံရေးကိုစိတ်ဝင်စားက ငယ်ငယ်ထဲကပါ။ နိုင်ငံရေးနဲ့ဆိုင်တာလဲသိပ်မရေးဘူးပါဘူး။ လုံးဝမရေးဘူးဘူးဆိုရင် ပိုပြီးမှန်လိမ့်မယ်။ အခု ၂၀၂၀ လဲ နီးလာပြီဆိုတော့ တွေးမိတာတွေလေးရေးကြည့်ချင်လို့ပါ။ ဒီမိုကရေစီနိုင်ငံအများစုမှာတွေ့ရကတော့ အခြေခံဥပဒေ ဘယ်လိုကွာကွာ လွှတ်တော်ထဲမှာ ၂ ပါတီပဲ ပြိုင်ကြတာပေါ့။ အကြမ်းဖျဉ်းခွဲမယ်ဆိုရင် လွတ်လပ်ခွင့်၊ လူအခွင့်အရေးအစရှိတာတွေကို အလေးပေးတဲ့ လက်ဝဲ နဲ့ အမျိုးသားရေး၊ ဓလေ့ထုံးတမ်းတွေကို ဦးစားပေးတဲ့ လက်ယာ ဆိုပြီးနှစ်မျိုးခွဲလို့ရတယ်။ အမေရိကန်နိုင်ငံမှာဆို ဒီမိုကရက်တစ်ပါတီနဲ့ ရီပါဗလစ်ကန်ပါတီ နှစ်ခုပေါ့။ ဗြိတိန်မှာဆို လေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါရီပေါ့။ လက်ဝဲ လက်ယာဆိုပေမဲ့ တစ်ချိန်လုံး လူအခွင့်အရေး၊ အမျိုးသားရေးနဲ့…

သေချာတာတော့ ပြည်တွင်းခရီးမှာ Cashless သွားလို့မရပါဘူး။ Less cash ခရီးသွားလို့ပဲရပါလိမ့်မယ်… — ဟိုးအရင်တုန်းက မိသားစုလိုက်ခရီးထွက်ရင် ပိုက်ဆံဆို အထပ်လိုက်ထည့်ပြီးသွားရပါတယ်။ ခရီးသွားရင်း အရေးပေါ်ပိုက်ဆံရင်တောင် ဘဏ်ရှိတဲ့မြို့သွား အသိတစ်ယောက်ကိုဖုန်းဆက် ပိုက်ဆံလွှဲခိုင်းပြီး စောင့်ယူရပါတယ်။ အခုခေတ်မှာတော့ ဒါမျိုးတွေမရှိပဲ mobile banking တွေ mobile payment တွေ card တွေပေါင်းစုံနဲ့ အရင်တုန်းကလောက် မခက်ခဲတော့တာအမှန်ပါပဲ။ ဒါပေမဲ့ လုံးဝပိုက်ဆံမကိုင်လို့ရလားဆိုတော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့်ဖြစ်နိုင်သမျှ cashless လုပ်ပြီး ငပလီကို ၂ ညအိပ် ၃ ရက်ခရီးသွားကြည့်ခဲ့ပါတယ်။

Cashless (Less cash) ပြည်တွင်းခရီးသွားချင်း
Cashless (Less cash) ပြည်တွင်းခရီးသွားချင်း

အသက်ရှည်ရှည်နေရမယ်ဆိုတာ ဘယ်နနှစ်အထိလဲ။ လူတစ်ယောက်ပျမ်းမျှသက်တန်းကဘယ်လောက်လဲဆိုတာ ရှာကြည့်တယ်။ ကမ္ဘာမှာတော့ ပျမ်းမျှ ၇၀ ကျော်ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ၆၅ နှစ်ဝန်းကျင်ပဲ။ ကင်ဆာအဖြစ်များဆုံးနိုင်ငံတစ်ခုအတွက် ၆၅ နှစ်ဆိုတာ များတောင်များနေသေးတယ်။ အသက်ရှည်ရှည်ဆိုတာ programmatically ပြောမယ်ဆိုရင်တော့ > 65 ပေါ့။ ဒီတိုင်းသွားရင် ၆၅ နှစ်အထိနေရပါ့မလား စဉ်းစားမိတယ်။ အိပ်ချိန်မမှန်စားချိန်မမှန် ကွန်ပျူတာရှေ့အနေများနေတာ lifestyle မပြောင်းရင်တော့ ၆၅ အထိတောင်မခံလောက်ဘူး။ လူချစ်လူခင်ကလဲများတယ်ဆိုတော့ လူငယ်သဘာဝ ကြည့်မရလို့ဆိုပြီး လုပ်ကြံခံရနိုင်သေးတယ်။