Bitcoin ကို လူသိမခံပဲသုံးလို့ရ (anonymous) ဖြစ်တယ်လို့ဆိုကြပေမဲ့ ဒါဟာအပြည့်အဝမမှန်ပါဘူး။ အခုခေတ်မှာ semi-anonymous လို့ပဲသုံးကြပါတော့တယ်။ အတန်အသင့် အမည်မဖော်လို့ရတယ်ပေါ့။

လက်ရှိ ဘဏ်စနစ်နဲ့ ယှဉ်ကြည့်ရင် နည်းနည်းသဘောပေါက်သွားမယ်လို့ထင်ပါတယ်။ လက်ရှိဘဏ်စနစ်မှာ Acc No 12345 ကို လှူလို့ရပါတယ်ဆိုပြီး မောင်မောင်က အလှူခံတယ်ဆိုပါစို့။ ဒါဆိုရင် လူတွေသိမှာက မောင်မောင်ရဲ့ Acc က 12345 ပါဆိုပြီးသိသွားပါမယ်။ ဒါပေမဲ့ မောင်မောင့်မှာ စုစုပေါင်းပိုက်ဆံဘယ်လောက်ရှိတယ် ဘယ်သူတွေ(ဘယ်အကောင့်တွေ)ကလှူတယ်ဆိုတာရယ်(အဝင်) မောင်မောင်ဘယ်သူတွေကိုပိုက်ဆံလွှဲတာရယ်(အထွက်)ကို မောင်မောင်ရယ် ဘဏ်ရယ်ပဲသိပါမယ်။ ဒါပေမဲ့ ဘဏ်ကမောင်မောင့်အကောင့်ကိုပိတ်လိုက်တာမျိုး မောင်မောင့်ကိုလှူတဲ့အကောင့်စာရင်းကို သူများကိုပြတာမျိုးလုပ်လိုက်လို့ရပါတယ်။ ဘဏ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။…

အခုပြောမဲ့ အကြောင်းကတော့ Bitcoin ကို နည်းပညာအရဘယ်လို အလုပ်လုပ်သလဲဆိုတာ နားလည်သလောက်ရှင်းပြမှာဖြစ်ပါတယ်။ စီးပွားရေးအရတွေ ဝယ်သင့်မဝယ်သင့်ဆိုတာတွေကို ရှင်းပြမှာမဟုတ်ပါဘူး။ Crypto currency တစ်ခုဘယ်လိုအလုပ်လုပ်ဆိုတာကို Bitcoin နဲ့ရှင်းပြမှာဖြစ်ပါတယ်။

Bitcoin ဆိုတာ centralized server မပါပဲ peer to peer ဆက်သွယ်ထားတဲ့ ငွေကြေးစနစ်တစ်ခုပဲဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း centralized server မပါပဲ p2p သွားတာ security issue တွေအများကြီးရှိပါတယ်။ ဘာကိုမှယုံလို့မရပါဘူး အဲ့ဒါကို Bitcoin က decentralized system ကြီးမှာ ဘယ်လိုဖြေရှင်းထားလဲဆိုတာကို ရှင်းပြမှာဖြစ်ပါတယ်။…

ဟုတ် ကျွန်တော်ပြောမှာ နိုင်ငံရေးအကြောင်းပါ

Edit: ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မအလတွေအာဏာသိမ်းသွားတဲ့အတွက် အော်ကကစာအရှည်ကြီးက အသုံးမဝင်တော့ပါ >.<

ထူးထူးဆန်းဆန်း နိုင်ငံရေးအကြောင်းရေးတယ်မထင်ပါနဲ့ နိုင်ငံရေးကိုစိတ်ဝင်စားက ငယ်ငယ်ထဲကပါ။ နိုင်ငံရေးနဲ့ဆိုင်တာလဲသိပ်မရေးဘူးပါဘူး။ လုံးဝမရေးဘူးဘူးဆိုရင် ပိုပြီးမှန်လိမ့်မယ်။ အခု ၂၀၂၀ လဲ နီးလာပြီဆိုတော့ တွေးမိတာတွေလေးရေးကြည့်ချင်လို့ပါ။

ဒီမိုကရေစီနိုင်ငံအများစုမှာတွေ့ရကတော့ အခြေခံဥပဒေ ဘယ်လိုကွာကွာ လွှတ်တော်ထဲမှာ ၂ ပါတီပဲ ပြိုင်ကြတာပေါ့။ အကြမ်းဖျဉ်းခွဲမယ်ဆိုရင် လွတ်လပ်ခွင့်၊ လူအခွင့်အရေးအစရှိတာတွေကို အလေးပေးတဲ့ လက်ဝဲ နဲ့ အမျိုးသားရေး၊ ဓလေ့ထုံးတမ်းတွေကို ဦးစားပေးတဲ့ လက်ယာ ဆိုပြီးနှစ်မျိုးခွဲလို့ရတယ်။ အမေရိကန်နိုင်ငံမှာဆို ဒီမိုကရက်တစ်ပါတီနဲ့ ရီပါဗလစ်ကန်ပါတီ နှစ်ခုပေါ့။ ဗြိတိန်မှာဆို လေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါရီပေါ့။ လက်ဝဲ လက်ယာဆိုပေမဲ့ တစ်ချိန်လုံး လူအခွင့်အရေး၊ အမျိုးသားရေးနဲ့…

သေချာတာတော့ ပြည်တွင်းခရီးမှာ Cashless သွားလို့မရပါဘူး။ Less cash ခရီးသွားလို့ပဲရပါလိမ့်မယ်…

4 years ago I don’t even have a bank account. But now…

ဟိုးအရင်တုန်းက မိသားစုလိုက်ခရီးထွက်ရင် ပိုက်ဆံဆို အထပ်လိုက်ထည့်ပြီးသွားရပါတယ်။ ခရီးသွားရင်း အရေးပေါ်ပိုက်ဆံရင်တောင် ဘဏ်ရှိတဲ့မြို့သွား အသိတစ်ယောက်ကိုဖုန်းဆက် ပိုက်ဆံလွှဲခိုင်းပြီး စောင့်ယူရပါတယ်။ အခုခေတ်မှာတော့ ဒါမျိုးတွေမရှိပဲ mobile banking တွေ mobile payment တွေ card တွေပေါင်းစုံနဲ့ အရင်တုန်းကလောက် မခက်ခဲတော့တာအမှန်ပါပဲ။ ဒါပေမဲ့ လုံးဝပိုက်ဆံမကိုင်လို့ရလားဆိုတော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့်ဖြစ်နိုင်သမျှ cashless လုပ်ပြီး ငပလီကို ၂ ညအိပ် ၃ ရက်ခရီးသွားကြည့်ခဲ့ပါတယ်။

ပထမဆုံး လေယာဉ်လက်မှတ်ကို flymya ကနေဝယ်ပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတွေက ထုံးစံအတိုင်း cancel ဖြစ်တာတွေများလို့ တစ်ခါတည်း checkout မလုပ်ပဲ confirm ဖြစ်မှ ပေးတာပိုအဆင်ပြေတယ်။ confirm ဖြစ်တာနဲ့ ဖုန်းဝင်လာပြီး…

Software တွေဟာ များသောအားဖြင့် bug fixes တွေ feature အသစ်တွေ နောက်ဆုံး complete rewrite တွေပြန်လုပ်ပြီး အမြဲ update တွေထွက်လာတယ်။​ Software ရေးရင်လဲ များသောအားဖြင့် update လုပ်နေရတယ်။

Application တွေစရေးတုန်းက update ပေးတဲ့အခါ 1, 2, 3 ဆိုပြီးတိုးသွားတာပေါ့။ နောက်ပိုင်း 1.1, 1.2 …

လွန်ခဲ့တဲ့ ၂ နှစ်အထိကျွန်တော့မှာ ဘဏ်အကောင့်မရှိ debit card မရှိ ဘာမှမရှိပဲ ပိုက်ဆံဆို ဒီတိုင်းကိုင်သုံးခဲ့တယ်။ နည်းနည်းများရင် ဒေါ်လာဝယ်ထားတယ်။ မတတ်သာလို့ ဘဏ်က ငွေလွှဲလက်ခံရမှ ဘဏ်မှာ နာမည် မှတ်ပုံတင် နဲ့လွှဲခိုင်းတယ်။

နောက်ပိုင်း ATM တွေ mBanking တွေသုံးလာကြတော့ ဘဏ်အကောင့်ဖွင့်ထားရတာ ပိုအဆင်ပြေကြောင်းသိလာတယ်။ ဒါတောင် တစ်ခါတစ်လေ ဘဏ်တွေနဲ့ဆက်ဆံရတာ အဆင်မပြေတာတွေ အများကြီးရှိသေးတယ်။ ဘဏ်တစ်ခု တစ်မျိုးစီ ညံ့ကြတယ်။

နိုင်ငံခြား payment လေးလုပ်ခြင်တော့ VISA debit card ပါလျှောက်လိုက်သေးတယ်။ မသိတာတွေကို VISA page မှာသွားမေးတော့ debit card ကသူတို့နဲ့မဆိုင်တဲ့။ သူတို့က credit card ပဲလုပ်တာတဲ့။ မသိရင် ဘဏ်ကထုတ်ပေးထားတာ အတုကဒ်ကြနေတာပဲ။ ကဒ်ပေါ်မှာပါတဲ့ VISA logo ကိုမှ အားမနာ။

MPU တွေနဲ့ online payment ရတော့စမ်းကြည့်တယ်။ အရင်ဆုံး online မှာသုံးဖို့ request လုပ်ရတယ်။ ခဏနေတော့ဖုန်းဝင်လာပြီး personal information တွေမေးတယ်။ သူတို့က AYA ကပါဆိုတာကို ဘယ်လိုယုံရမလဲ။ မေးတာကြီးက social engineering ကြီးကြနေတာပဲ။ MPU payment ကတော့ 2C2P ကြောင့် တော်တော်လေးအဆင်ပြေတယ်ပြောလို့ရတယ်။ အပြစ်ပြောစရာဆိုလို့ mobile friendly မဖြစ်တာပဲရှိတယ်။

Mobile Wallet တွေအပြိုင်အဆိုင်ခေတ်စားလာတော့ အဲ့ထဲမှာ ကြော်ငြာအားအကောင်းဆုံးဖြစ်တဲ့ OK $ ကိုသုံးဖြစ်တယ်။ ဖွင့်လိုက်တာနဲ့ရှိသမျှ permission အကုန်တောင်းတော့တာပဲ။ App ကလဲ UI/UX ညံ့တယ်။ ဒါပေမဲ့ ဖုန်းဘေဝယ်ရတာ တစ်ခြား ကားလတ်မှတ်တွေဘာတွေ အဆင်ပြေတော့ သုံးဖြစ်တယ်။ MPU က transcation fee များရင် OK $ ကိုသုံးဖြစ်တယ်။

နာမည်ကြီးစားသောက်ဆိုင်တွေမှာလဲ MPU logo တွေ VISA logo တွေသာတပ်ထားတာ တကယ်ရှင်းရင် Transcation fee ပေးရတာနဲ့ လိုင်းမကောင်းလို့ဆိုတာနဲ့ ပိုက်ဆံကိုင်ရတာလောက်ကို အဆင်မပြေဘူး။

ဒါကတော့ error ပေါင်းစုံနဲ့ မြန်မာပြည် payment အကြောင်းပါပဲ။

ဒီနေ့ဆို YBS စတာ တစ်နှစ်ပြည့်ပါပြီ။ YBS က NLD အစိုးရရဲ့ အကြီးမားဆုံး အပြောင်းအလဲထဲက တစ်ခုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် YBS ပထမဆုံးဆွဲတဲ့နေ့က သုဝဏ္ဏကနေ အလုံအထိ ၅၉ တစ်ခါပဲစီးဘူးပါတယ်။ ဘာလို့လဲဆိုတော့ စစချင်း လိုင်း ၆၀ ဆွဲရာမှာ သုဝဏ္ဏကထွက်တာ ၃ စီးပဲရှိပြီး သွားရလာရ အဆင်မပြေလို့ပါ။ ၅၉ ဆိုလဲ မြေနီကုန်းက ဖြတ်တာဖြစ်ပြီး အလုံရောက်ဖို့ကို ၁ နာရီခွဲခန့်ကြာပါတယ်။ အခုတော့ အထက်ပုဇွန်တောင်လမ်းအတိုင်း သွားတဲ့ကားတွေ ရှိနေပါပြီ။

YBS ကိုမစီးရပေမဲ့ ၂၀၁၇ မှာ နေ့တိုင်းနီးပါး အပြင်ထွက်နေရတာကြောင့် YBS ကိုလမ်းမှာ တွေ့ရပြန်တယ်။ ထူးထူးခြားခြား သတိထားမိတာက…

အသက်ရှည်ရှည်နေရမယ်ဆိုတာ ဘယ်နနှစ်အထိလဲ။ လူတစ်ယောက်ပျမ်းမျှသက်တန်းကဘယ်လောက်လဲဆိုတာ ရှာကြည့်တယ်။ ကမ္ဘာမှာတော့ ပျမ်းမျှ ၇၀ ကျော်ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ၆၅ နှစ်ဝန်းကျင်ပဲ။ ကင်ဆာအဖြစ်များဆုံးနိုင်ငံတစ်ခုအတွက် ၆၅ နှစ်ဆိုတာ များတောင်များနေသေးတယ်။ အသက်ရှည်ရှည်ဆိုတာ programmatically ပြောမယ်ဆိုရင်တော့ > 65 ပေါ့။

ဒီတိုင်းသွားရင် ၆၅ နှစ်အထိနေရပါ့မလား စဉ်းစားမိတယ်။ အိပ်ချိန်မမှန်စားချိန်မမှန် ကွန်ပျူတာရှေ့အနေများနေတာ lifestyle မပြောင်းရင်တော့ ၆၅ အထိတောင်မခံလောက်ဘူး။ လူချစ်လူခင်ကလဲများတယ်ဆိုတော့ လူငယ်သဘာဝ ကြည့်မရလို့ဆိုပြီး လုပ်ကြံခံရနိုင်သေးတယ်။

ပတ်ဝန်းကျင်က အသက် ၆၀ ကျော် အဘိုးကြီးတွေကို ကြည့်ပြီး ငါသာလူတို့အရွယ်လောက်ရောက်ရင် ဘာဖြစ်နေမှာလဲတွေးမိတယ်။ စိတ်ကူးပေါက်လို့ မနက်စောစော လမ်းလျှောက်ဖြစ်ရင် လမ်းလျှောက်နေတဲ့ ကျန်းကျန်းမာမာ အဘိုးကြီးတွေ အုပ်လိုက်တွေ့တယ်။ ပျော်ပျော်ရွှင်ရွှင်ပဲ။ သူငယ်ချင်းတွေထင်ပါရဲ့ ဘယ်အရွယ်ထဲကပေါင်းလဲတော့မသိဘူး။ သူတို့ကိုကြည့်ပြီး ငါသာ အသက်ကြီးလို့မသေခဲ့ရင် သူငယ်ချင်းတွေပါရှိနေစေချင်သေးတယ် ဆိုပြီး တွေးမိပြန်တယ်။

အသက်ကြီးပဲအလုပ်လုပ်နိုင်သေးတဲ့ သူတွေကိုလဲတွေ့တယ်။ ပြင်ဦးလွင် feel မှာဆို manager အဆင့်လောက်ရှိမလားမသိဘူး အသက်ကြီးကြီးအရပ်ရှည်ရှည်လူတစ်ယောက်ရှိတယ်။ feel နှစ်ဆိုင်လုံးမှာ လုပ်တယ်။ အရပ်ရှည်ရှည်နဲ့ သွက်သွက်လက်လက်ဖြတ်ဖြတ်လပ်လပ်ရှိတုန်းပဲ။ မန်နေဂျာဆိုပြီးထိုင်နေတာမျိုးမဟုတ်ဘူး စာပွဲခုံသုတ်စရာရှိလဲသုတ်လိုက်တာပဲ waiter လုပ်ရင်လဲ လုပ်လိုက်တာပဲ။ စစ်သားဟောင်းလားမသိဘူး။ အဲ့လိုမျိုးလဲဖြစ်ချင်တယ်။

နောက်အသက်ကြီးပြီးအလုပ်လုပ်နိုင်တာရှိသေးတယ်။ သားသမီးကမထောက်ပံ့လို့ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် တုန်တုန်ချိချိနဲ့ပိုက်ဆံရှာရတဲ့အဘိုးကြီးတွေလဲတွေ့ဘူးတယ်။ သူတို့လုပ်ချင်မလုပ်ချင်တော့မသိဘူး။ ဘေးကကြည့်ရတာ မသက်သာလှဘူး။ အဲ့လိုမျိုးလဲမဖြစ်ချင်ဘူး။ အသက်ကြီးလာလို့ အလုပ်မလုပ်နိုင်ရင်တောင် စာလေးဖတ်လိုက် ရေးလိုက် အေးဆေးနားချင်တယ်။

နောက်ဆုံးတစ်မျိုးကတော့ အဆိုးဆုံးပဲ။ ပိုက်ဆံရှိရှိ မရှိရှိ ရောဂါအမျိုးမျိုးကြောင့် ကုတင်ပေါ်တစ်ချိန်လုံးလှဲနေရတာမျိုး။ ဘာမှလဲမလုပ်နိုင်ပဲ သေမဲ့နေ့ကိုစောင့်နေရတာမျိုး။ အဲ့ဒါမျိုးတော့မဖြစ်ချင်ဘူး။ အိပ်နေတုန်း အသက်ထွက်သွားတာမျိုးနဲ့ မြန်မြန်ဆန်ဆန်အသက်ထွက်သွားချင်တယ်။ ဆေးရုံတစ်ခါတစ်လေသွားရတာမျိုးက ကိစ္စမရှိပေမဲ့ တစ်ချိန်လုံးမနေနိုင်ဘူး။

အသက်ရှည်ရှည်နေရဖို့ အထူးတလည်မမျှော်လင့်ပဲ အကယ်၍များ အသက်ရှည်ရှည်နေရမယ်ဆိုရင်တော့ဖြင့် သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး၊ ဒါမှမဟုတ် ဖြတ်ဖြတ်လတ်လတ် အလုပ်လုပ်နေပြီး ဒါမှမဟုတ် ငြိမ်းငြိမ်းချမ်းချမ်း စာဖတ်လိုက်ရေးလိုက်သာ နေချင်တယ်။

Myat Min Soe

Mobile App Developer from Burma

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store